ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
မဿဲ 19:9 - Common Language Bible သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။ Garrad Bible အ စ အဦး ၌ မူ ကား ထို သို့ မ ဟုတ်။ ငါ ဆို သည် မှာ မည် သူ မ ဆို မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု လျှင် သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ် သည် ဟု မိန့် တော် မူ ရာ၊ Judson Bible ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။ မြန်မာ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ |
ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
တပည့်တော်တို့က ``ဇနီးခင်ပွန်းပေါင်းသင်း ဆက်ဆံမှုသည်ဤသို့ဖြစ်ပါလျှင်အိမ်ထောင် မပြုဘဲနေသည်ကပို၍ကောင်းပါ၏'' ဟု လျှောက်ထားကြ၏။
ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။-
သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
``မိမိ၏ဇနီးကိုကွာ၍အခြားအမျိုးသမီး တစ်ယောက်နှင့်အိမ်ထောင်ပြုသောသူသည်လည်း သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။ ကွာရှင်းထား သောအမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြုသော သူသည်လည်းသူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။
မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-