သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-
မဿဲ 19:4 - Common Language Bible ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။- Garrad Bible ကိုယ် တော် က အ စ အဦး ၌ ဖန် ဆင်း သော အ ရှင် သည် ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ပြီး လျှင် Judson Bible ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “အစဦးတွင် ဘုရားသခင်သည် ‘ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ မြန်မာ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။- |
သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
ယောယဒသည်ယောရှအတွက်မိဖုရား နှစ်ပါးကိုရွေးချယ်ပေး၏။ ယောရှသည် လည်းထိုမိဖုရားများဖြင့်သားသမီး များကိုရရှိလေသည်။
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။-
သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင်သခင်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
`တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-
ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။-
ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-