သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
မဿဲ 18:34 - Common Language Bible မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။'' Garrad Bible အ မျက် တော် ထွက်၍ ကြွေး ရှိ သ မျှ ကို မ ဆပ် မ ချင်း အာ ဏာ သား တို့ ထံ အပ် ထား တော် မူ၏။ Judson Bible အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်သည် သူ့အား အမျက်ထွက်၍ ရှိသမျှအကြွေးကို မဆပ်မီတိုင်အောင် နှိပ်စက်ခံစေရန် ထောင်ထဲတွင်ထည့်ထားလေ၏။ မြန်မာ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- |
သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
ထိုနောက်သခင်ယေရှုကသင်တို့သည်ညီအစ်ကို အချင်းချင်းတစ်ယောက်၏အပြစ်ကိုတစ်ယောက် အမှန်တကယ်မဖြေမလွှတ်လျှင် ကောင်းကင်ဘုံ ရှင်ငါ၏အဖသည်လည်းသင်တို့၏အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။