ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
မဿဲ 17:4 - Common Language Bible ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။ Garrad Bible ပေ တ ရု က အ ရှင် ဘု ရား၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ အ လို တော် ရှိ လျှင် ကိုယ် တော် ဖို့ တစ် ဆောင် မော ရှေ ဖို့ တစ် ဆောင် ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ မည် ဟု ယေ ရှု အား လျှောက်၏။ Judson Bible ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ သခင် အလိုရှိပါက သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်ဆောက်ပါမည်” ဟု လျှောက်လေ၏။ မြန်မာ ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
``အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
ထိုနောက်မောရှေနှင့်ဧလိယပေါ်လာ၍ကိုယ်တော် နှင့်စကားပြောလျက်နေကြသည်ကိုတွေ့မြင် ကြ၏။-
ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။-
ယုဒအမျိုးသားတို့၏သစ်ခက်တဲနေ့ကောက် သိမ်းပွဲတော်အခါကားနီးကပ်၍လာ၏။-
ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-