ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
မဿဲ 17:10 - Common Language Bible တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။ Garrad Bible တ ပည့် တော် တို့ က လည်း သို့ ဖြစ် လျှင် ဧ လိ ယ လာ နှင့် ရ မည် ဟူ၍ ကျမ်း တတ် ဆ ရာ တို့ အ ဘယ့် ကြောင့် ဆို ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု ယေရှုအား မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- |
ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။
ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။-
ထိုနောက်ကိုယ်တော်အား ``ကျမ်းတတ်ဆရာတို့ က ဦးစွာပထမဧလိယကြွလာလိမ့်မည်ဟု အဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက် ကြ၏။
ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။ ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။ သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊ ``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။