မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
မဿဲ 13:14 - Common Language Bible ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။ Garrad Bible သင် တို့ သည် ကြား လျက် ပင် နား မ လည် ရ ကြည့် လျက် ပင် မ သိ မ မြင် ရ။ Judson Bible ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် ဟေရှာယ၏ ကြိုတင်ဟောပြောချက်သည် သူတို့၌ ဖြစ်လာလေ၏။ ထိုဟောပြောချက်မှာ ‘သင်တို့သည် ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင် နားမလည်ကြ။ ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင် သဘောမပေါက်နိုင်ကြ။ မြန်မာ ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။- |
မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။''
အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-