မဿဲ 12:3 - Common Language Bible ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။- Garrad Bible ကိုယ် တော် က ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ ဆာ မွတ် သော အ ခါ Judson Bible ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ မြန်မာ ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- |
ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။
သူနှင့်သူ့အဖော်တို့သည်ဘုရားသခင်၏ ဗိမာန်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များသာ စားအပ်သောရှေ့တော်မုန့်ကိုစားဖူးသည် မဟုတ်လော။-
ထိုမှတစ်ပါးဗိမာန်တော်တွင်ယဇ်ပုရောဟိတ် တို့သည် ဥပုသ်နေ့ဆိုင်ရာပညတ်ကိုချိုးဖောက် သော်လည်းအပြစ်မသင့်ကြောင်း မောရှေ၏ ပညတ်ကျမ်းတွင်မဖတ်ဖူးကြပါသလော။-
ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။-
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
`တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-
ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-