သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
မဿဲ 11:3 - Common Language Bible ``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။- Garrad Bible ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း Judson Bible သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- မြန်မာ့စံမီသမ္မာကျမ်း “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။ မြန်မာ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- |
သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
အောင်ပွဲရယေရုရှလင်မြို့သားတို့သည်၊ ဧဒုံပြည်ကိုတိုက်ခိုက်အုပ်စိုးကြလိမ့်မည်။ ထိုအခါထာဝရဘုရားကိုယ်တော်တိုင် ထိုပြည်တွင်နန်းစံတော်မူလိမ့်မည်။'' ပရောဖက်သြဗဒိ၏ဗျာဒိတ်ရူပါရုံပြီး၏။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
ယောဟန်ကားကျမ်းစာတော်တွင်၊ `နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊ ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။- ယောဟန်ကားထိုစေတမန်ပင်တည်း။-
သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။
ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ နောက်တော် မှလည်းကောင်း၊ လိုက်ပါကြသူလူအပေါင်းတို့ က ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ လော့။ ဘုရားသခင်၏နာမတော်နှင့်ကြွလာ သောအရှင်သည်မင်္ဂလာရှိစေသတည်း။-
ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။
မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။
ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
သခင်ယေရှုက ``အချင်းအမျိုးသမီး၊ ငါ့ စကားကိုယုံလော့။ ဤတောင်ပေါ်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်းခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်းမပြုတော့မည့်အချိန် ရောက်ရှိလာပေအံ့။-
ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
``ကြွလာတော်မူမည့်အရှင်သည်အချိန် အနည်းငယ်အတွင်း၌ကြွလာတော်မူလိမ့် မည်။ နှောင့်နှေးလျက်နေတော်မူလိမ့်မည်မဟုတ်။