ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
မဿဲ 10:11 - Common Language Bible ``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။- Garrad Bible မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။ Judson Bible မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။ မြန်မာ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- |
ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။
ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။-
ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
မည်သည့်အိမ်မဆိုသင်တို့ကိုဝင်ခွင့်ပြုလျှင် မြို့မှထွက်ခွာသည်တိုင်အောင်ထိုအိမ်မှာပင် တည်းခိုကြလော့။-
သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။