ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
မဿဲ 10:10 - Common Language Bible အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။ Garrad Bible ခ ရီး ဆောင် လွယ် အိတ်၊ အင်္ကျီ နှစ် ထည်၊ ဖိ နပ်၊ တောင်း ဝေး များ ကို လည်း မ ယူ ကြ နှင့်။ အ သို့ ဆို သော် လုပ် သား သည် ရိက္ခာ ကို ရ ထိုက်၏။ Judson Bible လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- မြန်မာ့စံမီသမ္မာကျမ်း လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။ မြန်မာ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။- |
ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။-
ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။-
ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။-
သင်လာသောအခါတရောမြို့တွင်ကာပုလက်၌ ငါအပ်ထားခဲ့သည့်ဝတ်လုံနှင့်စာစောင်များ၊ အထူးသဖြင့်သားရေစာစောင်များကိုယူခဲ့ လော့။
သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
ရှောလုက``ထိုသူထံကိုသွားလျှင်ငါတို့ အဘယ်အရာကိုပေးလှူရပါမည်နည်း။ ငါ တို့တွင်ပါသမျှသောအစားအစာလည်း ကုန်ချေပြီ။ ငါတို့မှာသူ့အားပေးစရာ ဘာမျှမရှိ'' ဟုဆို၏။