အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့စဉ်က ကိုယ်တော်ပြခဲ့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူပါ။-
အိ ဂျစ် ပြည် မှ ကြွ လာ သော နေ့ ရက် ကာ လ ကဲ့ သို့၊ အံ့ ဖွယ် ရာ များ ကို ဖော် ပြ တော် မူ ပါ။
သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တစ်ဖန် အံ့ဩဖွယ်သောအမှုတို့ကို ငါပြမည်။
“အီဂျစ်ပြည်မှ သင်ထွက်လာသောနေ့ကကဲ့သို့ အံ့ဖွယ်အမှုတို့ကို ငါပြမည်။”
ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့် သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန် သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။ သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။