ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
မိက္ခာ 3:9 - Common Language Bible ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။- Garrad Bible တ ရား သ ဖြင့် စီ ရင် ခြင်း ကို ရွံ့ ရှာ လျက် တ ရား လွှဲ သူ၊ ဇိ အုန် မြို့ ကို သွေး သွန်း မှု နှင့် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ကို ဒု စ ရိုက် မှု နှင့် လည်း ကောင်း၊ တည် ဆောက် သူ၊ အို ယာ ကုပ် အ မျိုး သား အ အုပ် အ ချုပ်၊ ဣ သ ရေ လ အ မျိုး သား မှူး မတ် တို့၊ နာ ခံ ကြ လော့။ Judson Bible ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်းသောတရားကို ဖျက်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။ |
ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။
ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊-
`` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။