သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
မာလခိ 4:3 - Common Language Bible ငါတရားစီရင်တော်မူရာနေ့ရက်ကာလ ၌ သင်တို့သည်သူယုတ်မာများကိုအနိုင် ရကြလိမ့်မည်။ သူတို့သည်သင်တို့ခြေ ဖဝါးအောက်မှမြေမှုန့်သဖွယ်ဖြစ်လိမ့်မည်။'' Garrad Bible ငါ စီ ရင် ခြင်း နေ့ ရက်၌ သင် တို့ ခြေ့ အောက် ပြာ မုန့် သ ဖွယ် ဖြစ် အံ့ သော ထို မ သူ တော် တို့ ကို နင်း ချေ ကြ ရ လတ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆိုးယုတ်သောသူတို့ကို နင်းချေလိမ့်မည်။ အကြောင်းမူကား ငါစီရင်ရာနေ့ရက်၌ သူတို့သည် သင်တို့၏ခြေဖဝါးအောက်သို့ရောက်သော ပြာမှုန့်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်သည်ရန်သူတို့အားနာလန်မထူ နိုင်အောင် ချေမှုန်းပါ၏။ သူတို့သည်အကျွန်ုပ်၏ခြေရင်းတွင်လဲ၍ အညံ့ခံကြပါ၏။
အကျွန်ုပ်သည်သူတို့အားချေမှုန်းသဖြင့် သူတို့သည် မြေမှုန့်ကဲ့သို့ညက်ညက်ကြေကြပါ၏။ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့သူတို့အား အကျွန်ုပ်နင်းပါ၏။
မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
သူတို့သည်သိုးများကဲ့သို့သေကြရ၏။ သေမင်းသည်သူတို့၏သိုးထိန်းဖြစ်လိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာများသည်မိမိတို့အိမ်နှင့် ဝေးကွာလှသည့်မရဏာနိုင်ငံတွင် မကြာမီပုပ်ပျက်သွားစဉ်သူတော်ကောင်းတို့ သည် သူတို့ကိုအနိုင်ရကြလိမ့်မည်။
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။-
ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်း ယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။
ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤ သူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူ တို့သည်ငါစီရင်ချက်ချမှတ်ရာနေ့၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သား အပေါ်တွင် ကရုဏာထားသကဲ့သို့ငါ သည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-
စပျစ်သီးများကိုမြို့ပြင်တွင်နယ်၍စပျစ် သီးနယ်ရာကျင်းမှသွေးချောင်းစီးထွက်၍ လာ၏။ ထိုသွေးချောင်းသည်အလျားမိုင်နှစ်ရာ၊ အနက်ငါးပေခန့်ရှိသတည်း။