ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
မာလခိ 3:1 - Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ နား ထောင် ကြ ဦး။ ငါ သွား ရာ လမ်း ကို ရှင်း လင်း မည့် ရှေ့ တော် ပြေး တ မန် တော် ကို၊ ငါ စေ လွှတ် မည့် အ တိုင်း၊ သင် တို့ ရှာ ဖွေ သော အ ရှင် ဘု ရား၊ သင် တို့ နှစ် သက် သော ပ ဋိ ညာဉ် ဆိုင် ရာ တ မန် တော် သည်၊ ကိုယ့် ဗိ မာန် တော် သို့ ရုပ် ခြင်း ကြွ ရောက် မည် ဟု မိန့် တော် မူ၏။ Judson Bible ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။-
ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''
ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။-
ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-
ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။-
သူငယ်တော်ကိုဆက်ကပ်သည့်အချိန်၌ထို အမျိုးသမီးသည်ရောက်လာပြီးလျှင် ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး၏။ ထို နောက်ယေရုရှလင်မြို့ကိုကယ်တင်တော်မူ လိမ့်မည်ဟု စောင့်မျှော်နေကြကုန်သောလူ အပေါင်းတို့အားသူငယ်တော်၏အကြောင်း ကိုပြောဆို၏။
သူသည်ယုဒဆရာတော်များနှင့်အတူထိုင် ကာသူတို့၏တရားစကားများကိုကြားနာ လျက်၊ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်နေ၏။-
ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။