အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
မာလခိ 2:6 - Common Language Bible သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။- Garrad Bible ပ ရော ဟိတ် သည်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ စေ တ မန် ဖြစ် သည့် အ တိုင်း၊ နှုတ် ထွက် တ ရား ကို လူ တို့ ရှာ ဖွေ ကြ အံ့ သော ငှာ၊ အ သိ ပ ညာ ကို နှုတ် စောင့် အပ် သည် နှင့် အ ညီ၊ နှုတ် ခမ်း လိမ် လည် ခြင်း ကင်း လျက်၊ သ မ္မာ တ ရား ကို မြွက် ဆို လျက်၊ ငြိမ် သက် ဖြောင့် မတ် စွာ ငါ့ ရှေ့ တွင် သွား လာ လျက်၊ လူ အ များ တို့ ကို ဒု စ ရိုက် မှ လွှဲ စေ ခဲ့ ကြ ၏။ Judson Bible ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကို ရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရား အတိုင်း ငါနှင့်အတူသွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူ့နှုတ်၌ မှန်ကန်သောသွန်သင်ချက် ရှိ၏။ သူ့နှုတ်ခမ်း၌ မတရားမှု မရှိ။ သူသည် ငါနှင့်အတူ သင့်မြတ်တည်ကြည်စွာ သွားလာနေထိုင်ပြီး လူအများကို ဒုစရိုက်လမ်းမှ ပြန်လှည့်လာစေ၏။ |
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
ကိုယ်တော်ရှင်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်သည်အစဉ် မှန်ကန်ပါ၏။
သို့ရာတွင် အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏အနီးတွင် ရှိတော်မူပါ၏။ ပညတ်တော်ရှိသမှတို့သည်မှန်ကန်ပါ၏။
သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
အကယ်၍သူတို့သည်ငါ၏လျှို့ဝှက်သော အကြံအစည်တော်တို့ကိုသာသိရှိကြ မည်ဆိုပါမူ ငါ၏ဗျာဒိတ်တော်ကိုငါ့လူ မျိုးတော်အားဟောပြောကြေညာကာ သူတို့ ၏ဆိုးညစ်သည့်အကျင့်များနှင့်သူတို့ပြု သည့်ယုတ်မာမှုများကိုစွန့်ပစ်စေနိုင်ကြ လိမ့်မည်။
ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။
လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။
သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။
ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-