ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
မာလခိ 1:9 - Common Language Bible အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။ ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ် များကြောင့်ပင်ဖြစ်ပါ၏။- Garrad Bible ယ ခု မှာ မူ၊ ထို သို့ သော လက် ဆောင် ပေး ခဲ့ သည့် အ လျောက်၊ ငါ တို့ အား ထာ ဝ ရ ဘု ရား သ နား တော် မူ စေ ခြင်း ငှာ၊ မျက် နှာ တော် ကို ဖူး မြော် ကြ ဦး။ တစ် စုံ တစ် ယောက် အား၊ မျက် နှာ သာ ပေး တော် မူ မည် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မေး တော် မူ၏။ Judson Bible ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မသနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “ယခုမှာ အကျွန်ုပ်တို့ကိုသနားတော်မူပါဟူ၍ ဘုရားသခင်ကို တိုးလျှိုးတောင်းပန်ကြလော့။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို လက်ခံတော်မူမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
တစ်ညလုံးအကြိမ်ကြိမ်အဖန်ဖန်ထ၍ ထာဝရဘုရားထံတော်သို့အော်ဟစ်လော့။ ထာဝရဘုရားရှေ့တော်၌သင်၏စိတ်နှလုံးကို သွန်ချလျက်၊ သင်၏သားသမီးများအတွက် အသနားခံတောင်းပန်လော့။ သင့်သားသမီးများလမ်းဆုံလမ်းခွတိုင်းတွင် အစာငတ်၍သေရကြလေပြီ။
ထာဝရဘုရားက``သို့ရာတွင်သင်တို့သည် ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။ အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-