သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
မာလခိ 1:12 - Common Language Bible ``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။- Garrad Bible သင် တို့ မူ ကား၊ ထာ ဝ ရ ဘု ရား၏ စား ပွဲ တော် သည် မ သန့် ရာ၊ တင် ဆက် သော အ စာ အာ ဟာ ရ တော် လည်း မ ထီ လေး စား ဖွယ် ရာ ရောက် ပြီ ဟု ဆို လျက်၊ နာ မ တော် ကို ရှုတ် ချ လေ စွ။ Judson Bible သင်တို့က၊ ထာဝရဘုရား၏စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသောဘောဇဉ်ပူဇော်သကာသည် ယုတ်မာ၏ဟု ဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း “သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။ |
သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
``သို့ရာတွင်ယခုအခါ၌အသင်ပုရောဟိတ် တို့သည်လမ်းမှန်မှလွဲဖယ်၍သွားကြလေပြီ။ သင်တို့၏ဟောပြောသွန်သင်မှုကြောင့်လူအများ ပင်အမှားကိုပြုကျင့်လျက်နေလေပြီ။ သင်တို့ သည်ငါနှင့်ချုပ်ဆိုထားသည့်ပဋိညာဉ်တော် ကိုချိုးဖောက်ကြလေပြီ။-
ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။