ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
ဗျာဒိတ် 7:16 - Common Language Bible သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။- Garrad Bible ပ လ္လင် တော့် အ လယ် စံ သိုး ငယ် တော် လည်း ထိန်း ကျောင်း လျက် အ သက် စမ်း ရေ များ ရှိ ရာ သို့ လမ်း ပြ တော် မူ လ တ္တံ့ သော ကြောင့် သူ တို့ သည် ရေ ငတ် ခြင်း၊ ဆာ မွတ် ခြင်း ကင်း လျက် နေ ရှိန် လေ ပူ ထိ ရ တော့ မည် မ ဟုတ်။ မျက် ရည် ကျ သ မျှ ကို လည်း ဘု ရား သ ခင် သုတ် တော် မူ လိမ့် မည် ဟု ပြန် ဆို လေ ၏။ Judson Bible သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။ |
ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
နေသည်နေ့အခါ၌လည်းကောင်း၊ လသည်ညဥ့်အခါ၌လည်းကောင်း သင့်ကိုဥပဒ်ပေးလိမ့်မည်မဟုတ်။
ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ ကျွန်တော်မျိုးသည်အဘယ်အခါမှ ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။
ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။