လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ဗျာဒိတ် 6:6 - Common Language Bible သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။ Garrad Bible မြင် ရ သည့် အ ပြင် ဂျုံ တစ် စ လယ် လျှင် တစ် ကျပ်၊ မု ယော သုံး စ လယ် လျှင် တစ် ကျပ် ဖြစ် စေ တော့။ ဆီ နှင့် စ ပျစ် ရည် ကို ကား မ ထိ နှင့် ဟူ သော မိန့် ဆို သံ ကို သ တ္တ ဝါ လေး ပါး အ လယ် က ကဲ့ သို့ ကြား ရ၏။ Judson Bible သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သတ္တဝါလေးပါးတို့အလယ်မှ ထွက်လာသည်ဟု ထင်ရသော အသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ဂျုံတစ်ခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ မုယောဆန်သုံးခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ ဆီနှင့် စပျစ်ဝိုင်ကို မပျက်စေနှင့်” ဟူ၍ဖြစ်၏။ |
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။-
ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-
သူတို့သည်မြက်များနှင့်အခြားစိမ်းလန်းသည့် အပင်ကြီးငယ်တို့ကိုဘေးဥပဒ်ပြုပိုင်ခွင့်မရှိ။ နဖူးတွင်ဘုရားသခင်၏တံဆိပ်တော်မပါ သည့်လူတို့ကိုသာလျှင်ဘေးဥပဒ်ပြုပိုင်ခွင့် ရှိကြ၏။-