သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
ဗျာဒိတ် 6:3 - Common Language Bible သိုးသူငယ်တော်သည်ဒုတိယတံဆိပ်ကိုဖွင့် လိုက်သောအခါ ဒုတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။- Garrad Bible ဒု တိ ယ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ လာ ခဲ့ လော့ ဟု ဒု တိ ယ သ တ္တ ဝါ ဆို သည် ကို ငါ ကြား ရာ မြင်း နီ တစ် စီး ထွက် လာ ၍၊ Judson Bible ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကို ဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ |
သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-
သတ္တမချိပ်တံဆိပ်ကိုသိုးသူငယ်တော်ဖွင့် လိုက်သောအခါ ကောင်းကင်ဘုံတွင်နာရီ ဝက်ခန့်ဆိတ်ငြိမ်၍သွား၏။-