ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
ဗျာဒိတ် 3:3 - Common Language Bible ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။- Garrad Bible မည် သို့ ခံ ယူ ကြား နာ ခဲ့ ရ ကြောင်း သ တိ ရ ပြီး လျှင် စောင့် ရှောက် လျက် နောင် တ ရ လော့။ မ နိုး ကြား လျှင် ငါ သည် ခိုး သူ ကဲ့ သို့ လာ သ ဖြင့် သင့် ထံ မည် သည့် အ ချိန် ရောက် မည် ကို သင် သိ ရ မည် မ ဟုတ်။ Judson Bible ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။ |
ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-
``သို့ဖြစ်၍သင်တို့သည်လည်းထိုနေ့ထိုအချိန် ကိုမသိကြသဖြင့်သတိနှင့်စောင့်နေကြလော့။
ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
သို့ဖြစ်၍အိမ်ရှင်ရုတ်တရက်ကြွလာသောအခါ သင်တို့အိပ်ပျော်နေသည်ကိုမတွေ့စေရန်သတိ နှင့်စောင့်နေကြလော့။-
သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-
တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။-
ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
ထို့ကြောင့်လမ်းမှားတိမ်းချော်မှုမဖြစ်ကြစေ ရန် ငါတို့သည်ကြားနာခဲ့ရသည့်သမ္မာတရား ကိုပိုမို၍ပင်စွဲမြဲစွာဆုပ်ကိုင်ထားရမည်။-
ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။-
ငါ၏ချစ်ဆွေတို့၊ ဤစာသည်သင်တို့ထံသို့ ဒုတိယအကြိမ်ငါရေးလိုက်သောစာဖြစ်၏။ ငါသည်ဤစာနှစ်စောင်လုံး၌မြင့်မြတ် သန့်ရှင်းသူပရောဖက်များ အခါတစ်ပါးက ဟောကြားခဲ့သည့်စကားများကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ပေးအပ် ခဲ့သည့်ကယ်တင်ရှင်သခင်ဘုရား၏ပညတ် တော်ကိုလည်းကောင်း သင်တို့ကြည်လင်သော ဉာဏ်ဖြင့်နားလည်စေရန်ယင်းတို့ကိုပြန် လည်သတိရစေ၏။-
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။
သင်တို့သည်မိမိတို့၏လက်ဝယ်ရှိသည့် အရာကိုငါလာသည်တိုင်အောင်စွဲမြဲ စွာကိုင်ထားကြလော့။-
သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-
သခင်ယေရှုက``နားထောင်လော့။ ငါသည်မကြာ မီကြွလာမည်။ ဤကျမ်းစောင်တွင်ပါရှိသည့် ပရောဖက်စကားများကို လိုက်လျှောက်သော သူတို့သည်မင်္ဂလာရှိ၏'' ဟုမိန့်တော်မူ၏။
ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-
သို့ဖြစ်၍နိုးထလော့။ သင်၏ကျန်ရှိနေသေး သည့်အသက်မချုပ်ငြိမ်းမီအင်အားဖြည့် တင်း၍ပေးလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှေ့တော်၌အပြစ်ဆို စရာရှိသေးသည်ကိုငါတွေ့မြင်ရသည်။-