ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
ဗျာဒိတ် 22:8 - Common Language Bible ဤအမှုအရာများကိုတွေ့မြင်ကြားသိရသူ ကား ငါယောဟန်ပင်ဖြစ်၏။ ထိုအရာများကို တွေ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အားရှိခိုးရန်သူ၏ခြေရင်း တွင်ပျပ်ဝပ်လိုက်၏။- Garrad Bible ထို အ ကြောင်း အ ရာ များ ကို ကြား နာ မျှော် မြင် သူ မှာ ငါ ယော ဟန် တည်း။ ကြား မြင် ပြီး ကာ လ ပြ သ သော စေ တ မန် တော့် ခြေ ရင်း၌ ပျပ် ဝပ် လျက် ရှိ ခိုး မည် ပြု သော်၊ Judson Bible ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော် ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ယောဟန်သည် ဤအကြောင်းအရာများကို မြင်ရ၊ ကြားရသောသူဖြစ်၏။ ထိုအကြောင်းအရာများကို မြင်ရ၊ ကြားရသောအခါ ၎င်းတို့ကို ကျွန်ုပ်အား ပြသသောကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ ခြေရင်း၌ ဝပ်တွားခယ၏။ |
ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-
သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ထိုနောက်သားရဲနှင့်တကွကမ္ဘာပေါ်ရှိရှင်ဘုရင် များနှင့်သူတို့၏စစ်သည်ဗိုလ်ပါတို့သည်မြင်းဖြူ ကိုစီးတော်မူသောအရှင်နှင့်သူ၏စစ်သည်တော် များကိုတိုက်ခိုက်ရန်စုရုံးကြသည်ကိုငါမြင် ရ၏။-