ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
ဗျာဒိတ် 2:5 - Common Language Bible သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။- Garrad Bible မည် သို့ လျော့ ခဲ့ ကြောင်း ကို သ တိ ရ ပြီး လျှင် နောင် တ ရ လျက် အ ကျင့် အ ကြံ ရင်း အ တိုင်း ပြု ဦး လော့။ အ ကယ်၍ နောင် တ မ ရ လျှင် ငါ လာ လျက် သင့် မီး ခုံ ကို နေ ရာ မှ ရွှေ့ လိုက် မည်။ Judson Bible ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွှေ့မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။ |
ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။
ငါလာ၍ထိုဒေသအားကျိန်စာမသင့် စေရန် သူသည်အဖများနှင့်သားသမီး တို့ကိုပြန်လည်စည်းရုံး၍ပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဋ္ဌမ္မဟောင်းကျမ်းတို့တွင်နောက်ဆုံးကျမ်း တည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေး ထားသောအနာဂတ္တိကျမ်းပြီး၏။
``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။-
ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-
``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။
ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။
ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံမှုကို ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်ရှာ လျှင် သင်တို့သည်ခရစ်တော်နှင့်အဆက်ပြတ်၍ ဘုရားသခင်၏ကျေးဇူးတော်တရားလက် အောက်တွင်မရှိတော့ပြီ။-
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ယခင်နေ့ရက်များကိုသတိရကြလော့။ ထို စဉ်အခါကသင်တို့သည်ဘုရားသခင် ၏အလင်းတော်ကိုခံယူရရှိပြီးနောက် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားကြ ရသော်လည်းခံနိုင်ရည်ရှိခဲ့ကြ၏။-
သို့ရာတွင်မိတ်ဆွေတို့၊ သင်တို့သည်ဤအကြောင်း အရာများကိုသိပြီးသည်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည်တရားမဲ့သူတို့၏မှားယွင်းသော လမ်းသို့မလိုက်မပါမိကြစေရန်နှင့် မိမိ တို့ခိုင်ခံ့တည်ကြည်စွာရပ်တည်ရာမှမရွေ့ မလျော့ကြစေရန်သတိပြုကြလော့။-
သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊-
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။
ထို့ကြောင့်နောင်တရလော့။ နောင်တမရပါမူ မကြာမီ ငါလာ၍ထိုသူတို့အားငါ၏ခံ တွင်းမှထွက်သောသန်လျက်နှင့်တိုက်ခိုက်မည်။
ငါသည်သင်ပြုသောအမှုကိုသိ၏။ သင်မေတ္တာ ထားပုံနှင့်သစ္စာစောင့်ပုံတို့ကိုလည်းကောင်း၊ အမှုတော်ဆောင်ပုံနှင့်တည်ကြည်ပုံကို လည်းကောင်းငါသိ၏။ ထို့ပြင်နောက်ပိုင်း အချိန်သင်ပြုသည့်အမှုများသည် စော စောပိုင်းအချိန်ပြုသည့်အမှုများထက် သာလွန်ကောင်းမွန်ပေသည်။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-