သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
ဗျာဒိတ် 2:13 - Common Language Bible အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။- Garrad Bible သင် သည် စာ တန်၏ ပ လ္လင် စိုက် ရာ တွင် နေ ထိုင် ရ သည် ကို လည်း ကောင်း၊ စာ တန် နေ ထိုင် ရာ သင် တို့ မြို့ တွင် သေ ဒဏ် ခံ ရ သော၊ သ စ္စာ စောင့်၍ ငါ့ သက် သေ ခံ အ န္တိ ပ၏ လက် ထက်၌ ပင် ငါ့ အား ယုံ ကြည် ခြင်း ကို မ ငြင်း ဆို ဘဲ ငါ့ နာ မ စွဲ မြဲ သည် ကို လည်း ကောင်း ငါ သိ ၏။ Judson Bible သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။ |
သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊-
ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။
မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
ခံနိုင်ရည်ရှိလျှင်ကိုယ်တော်နှင့်အတူစိုးစံရ လိမ့်မည်။ ကိုယ်တော်အားစွန့်ပယ်လျှင်ကိုယ်တော်သည် ငါတို့အားစွန့်ပယ်တော်မူလိမ့်မည်။
ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။
ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
ငါမြင်ရသည့်သားရဲသည်ကျားသစ်နှင့်တူ ၏။ သူ၏ခြေတို့သည်ဝက်ဝံခြေများနှင့်တူ၍ သူ၏နှုတ်သည်ခြင်္သေ့၏နှုတ်နှင့်တူ၏။ နဂါး သည်မိမိ၏တန်ခိုးနှင့်မိမိ၏ပလ္လင်ကိုလည်း ကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်း ကောင်းထိုသားရဲအားပေးအပ်၏။-
ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်း၍ ခရစ်တော်ကိုသစ္စာရှိကြသောဘုရားသခင် ၏လူစုတော်သည် ဤအခြေအနေမျိုး၌ခံ နိုင်ရည်ရှိရန်လိုပေသည်။
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-
ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-