ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
ဗျာဒိတ် 17:2 - Common Language Bible ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။ Judson Bible လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”ဟု မြွက်ဆိုပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောကီ ဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ထိုပြည့်တန်ဆာမကြီးနှင့် ကျူးလွန်ကြ၏။ ကမ္ဘာလောကတွင် နေထိုင်ကြသောသူအပေါင်းတို့သည်လည်း တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်၍ ယစ်မူးကြပြီ” ဟု ပြော၏။ |
ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။ သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင် ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။
``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
ထိုနောက်ဒုတိယကောင်းကင်တမန်ပေါ်လာ ပြီးလျှင်၊ ``ဗာဗုလုန်မြို့ကြီးပြိုပျက်လေပြီ၊ ပြိုပျက်လေပြီ။ ထိုမြို့သည်ကာမဂုဏ်လိုက် စားမှုတည်းဟူသောစပျစ်ရည်ကိုလူမျိုး တကာတို့အားတိုက်လေပြီ'' ဟုကြွေးကြော်၏။
ထိုဘုရင်များတွင်ရည်ရွယ်ချက်တစ်ခုတည်းရှိ ၏။ သူတို့သည်မိမိတို့တန်ခိုးအာဏာများကို သားရဲသို့ပေးအပ်ကြ၏။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။
သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။-
သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သို့ဖြစ်၍ငါသည်သူ့အားအိပ်ရာပေါ်တွင်လဲ ကျစေ၍ ဒုက္ခဝေဒနာခံစေမည်။ သူနှင့်ကာမ ရာဂစပ်ယှက်သူတို့အားလည်းပြင်းထန်စွာ ဒုက္ခဝေဒနာခံစေမည်။ သူတို့သည်ထိုအမျိုး သမီးနှင့်ပြုသည့်ဆိုးညစ်မှုများအတွက် နောင်တမရကြပါမူ ငါသည်ယခုပင်သူ တို့အားဒုက္ခဝေဒနာခံစေမည်။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။