အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
ဗျာဒိတ် 14:15 - Common Language Bible အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။- Garrad Bible စေ တ မန် တော် တစ် ပါး လည်း ဗိ မာန် တော် မှ ထွက် လာ လျက် တိမ် တိုက် ထက် ထိုင် နေ သော ပု ဂ္ဂိုလ် အား တံ စဉ် တော် ကို ကျော့ ရိတ် တော် မူ ပါ။ မြေ ကြီး အ သီး အ နှံ မှည့်၍ ရိတ် ချိန် တိုင် ရောက် ပါ ပြီ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ရာ၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။ |
အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည် မီးရှူးတိုင်သဖွယ်ထွန်းတောက်၍ မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုသူတို့သည်အလွန်ယုတ်မာကြ၏။ ကောက်ရိတ်ချိန်၌ဂျုံနှံကိုဖြတ်သကဲ့သို့ သူတို့ကိုခုတ်ဖြတ်ကြလော့။ စပျစ်သီးများနှင့်ပြည့်လျက်နေသော အသီးနယ်ရာကျင်းမှစပျစ်ရည်များ လျှံတက်လာသည်တိုင်အောင်၊ စပျစ်သီးများကိုနင်းချေသကဲ့သို့ ထိုသူတို့ကို နင်းချေကြလော့'' ဟုမိန့်တော်မူ၏။
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။-
သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
သူသည်ပထမသားရဲ၏အာဏာရှိသမျှ ကိုထိုသားရဲ၏ရှေ့တွင်သုံးစွဲ၏။ သူသည် သေလောက်သည့်ဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကိုကမ္ဘာသူကမ္ဘာသားတို့ အားကိုးကွယ်စေ၏။-
တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။-
သို့ဖြစ်၍မိုးတိမ်ပေါ်တွင်ထိုင်နေသူသည် မိမိ ၏တံစဉ်ကိုကမ္ဘာမြေပေါ်သို့ဝှေ့ယမ်းကာကမ္ဘာ မြေကြီးကစပါးများကိုရိတ်တော်မူ၏။
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံရှိဗိမာန်တော်မှထွက်လာ၏။ ထို သူသည်လည်းထက်သောတံစဉ်ကိုကိုင်ထား၏။
ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။-
သတ္တမကောင်းကင်တမန်သည်မိမိဖလားမှ အမျက်တော်ကို လေထဲသို့သွန်းလောင်းလိုက် ၏။ ထိုအခါဗိမာန်တော်အတွင်းရှိပလ္လင်တော် မှ``အမှုပြီးဆုံးလေပြီ'' ဟုကျယ်စွာသော အသံထွက်ပေါ်၍လာ၏။-
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-