ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက် ကုန်ဆုံးချိန်တိုင်အောင် သစ္စာရှိသူတို့သည် မင်္ဂလာရှိကြ၏။
ဗျာဒိတ် 12:6 - Common Language Bible အမျိုးသမီးသည်တောကန္တာရတွင်ဘုရား သခင်ပြင်ဆင်ထားတော်မူသောအရပ်သို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင်သူသည်ရက် ပေါင်း ၁၂၆၀ အထိပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။ Garrad Bible အ မိ လည်း ရက် ပေါင်း တစ် ထောင့် နှစ် ရာ့ ခြောက် ဆယ် အ တွင်း အ ကျွေး အ မွေး ခံ ရ စေ ရန် ဘု ရား သ ခင် ပြင် ဆင် ထား တော် မူ ရာ တော သို့ ထွက် ပြေး သ တည်း။ Judson Bible မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် တောကန္တာရသို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင် သူ့အား ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ်အထိ ပြုစုစောင့်ရှောက်နိုင်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်ခုရှိ၏။ |
ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက် ကုန်ဆုံးချိန်တိုင်အောင် သစ္စာရှိသူတို့သည် မင်္ဂလာရှိကြ၏။
ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။
အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။-
သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။-
ထိုသားရဲသည်ကြွားဝါ၍ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကိုလည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံးအုပ်စိုးပိုင်ခွင့်ကိုလည်းကောင်း ရရှိထား၏။-
ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-