သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဗျာဒိတ် 12:17 - Common Language Bible ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။- Garrad Bible န ဂါး သည် ထို မိန်း မ ကို အ မျက် ထွက် သ ဖြင့် ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ရှောက်၍ ယေ ရှု အ ကြောင်း သက် သေ ခံ မြဲ ခံ ရ သူ၊ ထို မိန်း မ အ မျိုး အ နွယ် အ ကြွင်း အ ကျန် တို့ နှင့် စစ် ပြိုင် ရန် ထွက် သွား လျက် သ မု ဒ္ဒ ရာ သောင် ပေါ် မှာ စွဲ ရပ် လေ ၏။ Judson Bible နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။ |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
ယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ် တော်နှင့် ယေရှုခရစ်ဖော်ပြတော်မူသည့် သမ္မာတရားကို မိမိတွေ့မြင်ကြားသိရသည် အတိုင်းဤစာစောင်တွင်ရေးသားထားပေ သည်။-
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။-
သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။-
သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။-
ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်း၍ ခရစ်တော်ကိုသစ္စာရှိကြသောဘုရားသခင် ၏လူစုတော်သည် ဤအခြေအနေမျိုး၌ခံ နိုင်ရည်ရှိရန်လိုပေသည်။
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ထိုနောက်သားရဲနှင့်တကွကမ္ဘာပေါ်ရှိရှင်ဘုရင် များနှင့်သူတို့၏စစ်သည်ဗိုလ်ပါတို့သည်မြင်းဖြူ ကိုစီးတော်မူသောအရှင်နှင့်သူ၏စစ်သည်တော် များကိုတိုက်ခိုက်ရန်စုရုံးကြသည်ကိုငါမြင် ရ၏။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
သိုးသူငယ်တော်သည်ပဉ္စမချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောကြေညာသည့်အတွက်ကြောင့် လည်းကောင်း၊ သစ္စာနှင့်သက်သေခံသည့်အတွက် ကြောင့်လည်းကောင်းအသတ်ခံကြရသူတို့ ၏ဝိညာဉ်များကိုပလ္လင်တော်အောက်တွင်ငါ မြင်ရ၏။-