သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
ဗျာဒိတ် 1:6 - Common Language Bible မိမိ၏ခမည်းတော်ဘုရားသခင်၏အမှုတော် ကိုဆောင်ရွက်နိုင်စေရန် ငါတို့အားရှင်ဘုရင် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုလည်းကောင်းပေးအပ်တော်မူသောယေရှု ခရစ်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော်တော်ရှိတော်မူပါစေ သတည်း။ အာမင်။ Garrad Bible ခ မည်း တော် ဘု ရား သ ခင့် ရှေ့၊ ပ ရော ဟိတ် နိုင် ငံ တော့် အ ဖြစ် ခန့် ထား တော် မူ သော အ ရှင် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော်၊ တန် ခိုး တော် ကြီး ပါ စေ သ တည်း။ အာ မင်။ Judson Bible မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို လူမျိုးတော်ဖြစ်လာစေလျက် ခမည်းတော်ဘုရားသခင်ကို အစေခံသည့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။ ကိုယ်တော်၌ ဘုန်းအသရေနှင့်ဘုန်းတန်ခိုး အစဉ်ထာဝရ ရှိတော်မူပါစေသော။ အာမင်။ |
သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။
``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်'' ဟုမြွက်ဆိုကြ၏။
ကိုယ်တော်သည်သူတို့အား အကျွန်ုပ်တို့ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကိုပေးအပ်တော်မူ၏။ သူတို့သည်လည်းကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်။'' ဟုသီချင်းသစ်ကိုသီဆိုကြ၏။