ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
ဗျာဒိတ် 1:10 - Common Language Bible သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။- Garrad Bible အ ရှင် ဘု ရား နေ့ တွင် ဝိ ညာဉ် တော် ဝင် စား စဉ် နောက် က တံ ပိုး မှုတ် သံ သ ဖွယ် ကျယ် စွာ ထွက် သည် ကား။ Judson Bible သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာ အသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။ |
ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
ကိုယ်တော်က ``သို့ဖြစ်ပါမူဒါဝိဒ်မင်းသည်သန့်ရှင်း သောဝိညာဉ်တော်၏နှိုးဆော်ချက်ဖြင့်မေရှိယကို အရှင်ဟုအဘယ်ကြောင့်ခေါ်ပါသနည်း။ ဒါဝိဒ်မင်းကြီးက၊
တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-
ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-