မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
ဖိလိပ္ပိ 4:10 - Common Language Bible ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။- Garrad Bible သင် တို့ သည် ငါ့ ကို သ တိ ရ ကြ သည် မှန် သော် လည်း အ ခါ အ ခွင့် မ သင့် သ ဖြင့် ယ ခု မှ တ ဖန် သ တိ ရ သည့် အ တိုင်း ပြု ကြ ပြန် သည့် အ တွက် အ ရှင် ဘု ရား၌ ငါ အား ရွှင် လန်း ရ၏။ Judson Bible ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကျွန်ုပ်အတွက် ယခုထပ်မံ၍ ငဲ့ညှာစဉ်းစားပေးသောကြောင့် သခင်ဘုရားနှင့် တပေါင်းတစည်းတည်း ဖြစ်သော ကျွန်ုပ်သည် အလွန်ဝမ်းမြောက်၏။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်အတွက် ငဲ့ညှာစဉ်းစားပေးသော်လည်း ပြသရန် အခွင့်မသာခဲ့ကြ။ |
မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
တစ်ဖန်သူတို့သည်ငါ၏အရိပ်အာဝါသ အောက်တွင် နေထိုင်ရလိမ့်မည်။ သူတို့သည်စပါးများကိုစိုက်ပျိုး၍ စပျစ်ခြံကဲ့သို့အသီးလှိုင်လိမ့်မည်။ လေဗနုန်စပျစ်ရည်ကဲ့သို့ကျော်ကြားလိမ့်မည်။
ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။