ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ဖိလိပ္ပိ 2:6 - Common Language Bible ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။ Garrad Bible ထို အ ရှင် သည် ဘု ရား သ ခင့် သ ဏ္ဌာန် တော် ရှိ လျက် ဘု ရား သ ခင် နှင့် ဂုဏ် ရည် တူ ခြင်း ကို ခင် မင် ရာ ဟု မ မှတ် ဘဲ ထို သ ဏ္ဌာန် တော် ကို ပယ် ပြီး လျင်၊ Judson Bible ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်သည် မိမိ၌ ဘုရားသခင်၏ အသွင်သဏ္ဌာန်တော်ရှိသော်လည်း ထိုသို့ဘုရားသခင်နှင့် တန်းတူဖြစ်ခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုရမည်ဟု မှတ်ယူတော်မမူဘဲ |
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
`ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။-
သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
အို အဖ၊ ဤကမ္ဘာမပေါ်မတည်မီကကိုယ်တော် နှင့်အတူအကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းအသ ရေကို ယခုအခါ၌ရှေ့တော်တွင်အကျွန်ုပ်အား ပေးတော်မူပါ။''
ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်'' ဟုမိန့်တော်မူ၏။-
သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊ ``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။
ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။-
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-