သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
ဖိလိပ္ပိ 2:18 - Common Language Bible သင်တို့သည်လည်းဝမ်းမြောက်လျက်ငါနှင့် အတူဝမ်းမြောက်ကြလော့။ Garrad Bible သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။ Judson Bible ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူဝမ်းမြောက်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ကျွန်ုပ်နှင့်အတူ ဝမ်းမြောက် ပျော်ရွှင်ကြလော့။ |
သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
သင်တို့၏ယုံကြည်ခြင်းကဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါ၏အသက်သွေးကို သွန်းလောင်းရမည်ဆိုလျှင် ငါသည်ဝမ်းမြောက် လျက်သင်တို့နှင့်အတူဝမ်းမြောက်သည်။-
ငါသည်သင်တို့၏အကြောင်းသတင်းကောင်းကို ကြား၍ အားတက်လာစေရန်သခင်ဘုရားအလို တော်ရှိလျှင် တိမောသေကိုသင်တို့ထံသို့မကြာ မီစေလွှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။