ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။ အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။
ဖိလိပ္ပိ 1:6 - Common Language Bible သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။- Judson Bible သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။ အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။
သခင်ယေရှုက ``ဘုရားသခင်အလိုတော်ရှိ သည့်အရာကား ကိုယ်တော်စေလွှတ်တော်မူသော သူကိုသင်တို့ယုံကြည်ကြစေရန်ပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-
ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
ငါသည်သင်တို့အပေါ်တွင်လုံးဝစိတ်ချ နိုင်သဖြင့်အလွန်ရွှင်လန်းဝမ်းမြောက်၏။
အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။
ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။
ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။
သင်သည်ငါမေတ္တာရပ်ခံသည့်အတိုင်းပြုလုပ် လိမ့်မည်ဟုစိတ်ချယုံကြည်လျက် ဤစာကိုရေး လိုက်၏။ အမှန်စင်စစ်ထိုထက်ပင်ပို၍ပြုလုပ် လိမ့်မည်ကိုငါသိပါ၏။-
သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-