ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ဖိလိပ္ပိ 1:26 - Common Language Bible သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါသည် သင်တို့ထံသို့ တစ်ဖန်ရောက်လာသဖြင့် သင်တို့၏ဂုဏ်ယူဝင့်ကြွားစရာအကြောင်းသည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ တိုးပွားလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ သင်တို့ထံသို့ ကျွန်ုပ်ပြန်ရောက်လာသောအခါ ကျွန်ုပ်ကြောင့် သင်တို့သည် ယေရှုခရစ်တော်အကြောင်းကို ပို၍ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ဖြစ်၏။ |
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
ဤသို့ဆိုရာ၌ငါတို့သည်တစ်ဖန်မိမိတို့ ကိုယ်ကိုဂုဏ်ဖော်လို၍မဟုတ်။ ငါတို့အပေါ် တွင်သင်တို့ဂုဏ်ယူဝါကြွားနိုင်ခွင့်ရရှိကြ စေရန်သာဖြစ်၏။ သို့မှသာလျှင်လူ၏အကျင့် စာရိတ္တကိုမထောက်ဘဲ ပြင်ပအဆင်းသဏ္ဌာန် ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သူတို့ ၏စကားကိုသင်တို့ပြန်လည်ချေပနိုင် ကြပေမည်။-
ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။-
ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။-
သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။