သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
ဖိလိပ္ပိ 1:19 - Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။- Garrad Bible အ သို့ ဆို သော် ငါ သည် မည် သည့် အ ရာ၌ မျှ အ ရှက် မ ကွဲ ရ ဘဲ အ ခါ ခပ် သိမ်း နည်း တူ ယ ခု လည်း ရဲ ရင့် ခြင်း နှင့် ပြည့် စုံ၍ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ ငါ့ ကိုယ် ခ န္ဓာ ဖြင့် ခ ရစ် တော်၏ ဘုန်း တော် ကို ထင် ရှား စေ မည် ဟု အား ကြီး စွာ တောင့် တ မျှော် လင့် သည် နှင့် အ ညီ သင် တို့ တောင်း လျှောက် ခြင်း၊ ယေ ရှု ခ ရစ် ၏ ဝိ ညာဉ် တော် မ စ ခြင်း များ ကြောင့် ဆို ခဲ့ သော အ ကြောင်း အ ရာ သည် ငါ့ ကို ကယ် တင် သော အ ကြောင်း အ ရာ ဖြစ် မည် ဟု ငါ သိ ၏။ Judson Bible အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊ ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။ |
သူတို့သည်မုသိပြည်နယ်စပ်သို့ရောက်ကြသော အခါ ဗိသုန်ပြည်သို့သွားရန်ကြိုးစားကြ၏။ သို့ရာတွင်သခင်ယေရှု၏ဝိညာဉ်တော်ကခွင့် ပြုတော်မမူသဖြင့်၊-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
ဘုရားသခင်သည်သင်တို့အားဝိညာဉ်တော် ကိုချပေးတော်မူ၍ အံ့သြဖွယ်သောနိမိတ် လက္ခဏာများကိုပြတော်မူခဲ့သည်မှာ ပညတ် တရားကိုသင်တို့စောင့်ထိန်းကြသည့်အတွက် ကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်း ကိုကြားနာယုံကြည်ကြသည့်အတွက်ကြောင့် လော။-
သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-