သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
ကျေး ဇူး က ရု ဏာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ်၍၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ အ ကုန် အ စင် ဖျက် ဆီး စွန့် ပစ် တော် မ မူ ပါ။
သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာတော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီးတော်မမူ။ စွန့်ပစ်တော်မမူ။
သို့သော် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သောဘုရားဖြစ်တော်မူ၍ မေတ္တာကရုဏာတော်ကြီးမားသောကြောင့် သူတို့ကို အဆုံးတိုင် မဖျက်ဆီးခဲ့။ သူတို့ကို စွန့်ပစ်တော်မမူခဲ့။
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။ မာန်မာနထောင်လွှားကာမိမိတို့အား ကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။ သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
(ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။ သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။ စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
ထာဝရဘုရားက``ထိုနေ့ရက်ကာလများ၌ပင်လျှင်ငါ၏လူမျိုးတော်အား လုံးဝသုတ်သင်ဖျက်ဆီးလိမ့်မည်မဟုတ်။-
ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-
ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''