ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
နေဟမိ 9:27 - Common Language Bible သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။ Garrad Bible နှိပ် စက် သော ရန် သူ တို့ လက် သို့ အပ် လိုက် တော် မူ ရာ၌၊ နှိပ် စက် ခံ ရ၍ ကိုယ် တော် ထံ အော် ဟစ် ကြ သော အ ခါ၊ ကောင်း ကင် ဘုံ မှ နား ညောင်း လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် မည့် သူ တို့ ကို ပေါ် ထွန်း စေ တော် မူ ပါ ၏။ Judson Bible ထိုကြောင့်၊ သူတို့ကိုနှောင့်ယှက်သော ရန်သူလက်သို့ အပ်လိုက်တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။ |
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
ထာဝရဘုရားသည်ဣသရေလအမျိုးသား အပေါင်းတို့ကိုစွန့်တော်မူ၏။ သူတို့အားမျက် မှောက်တော်မှနှင်ထုတ်၍ ရက်စက်သည့်ရန်သူ များ၏လက်သို့အပ်နှင်းတော်မူသည့်တိုင် အောင်ဒဏ်ခတ်တော်မူ၏။
သင်တို့၏ဘုရားသခင်ငါထာဝရဘုရား၏ စကားကိုနားထောင်ရကြမည်။ ငါသည်လည်း သင်တို့အား ရန်သူတို့လက်မှကယ်ဆယ်မည်'' ဟုပညတ်တော်မူခဲ့၏။-
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
အောင်ပွဲရယေရုရှလင်မြို့သားတို့သည်၊ ဧဒုံပြည်ကိုတိုက်ခိုက်အုပ်စိုးကြလိမ့်မည်။ ထိုအခါထာဝရဘုရားကိုယ်တော်တိုင် ထိုပြည်တွင်နန်းစံတော်မူလိမ့်မည်။'' ပရောဖက်သြဗဒိ၏ဗျာဒိတ်ရူပါရုံပြီး၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-