နေဟမိ 9:26 - Common Language Bible
``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
အခန်းကိုကြည့်ပါ။
သို့ ရာ တွင် ကိုယ် တော် ကို ပုန် ကန် ခြင်း၊ တ ရား တော် ကို ဖီ ဆန် ကျော ခိုင်း ခြင်း၊ အ ထံ တော် သို့ ပြန် လှည့် ရန် နှိုး ဆော် သော ပ ရော ဖက် တော် တို့ ကို ကွပ် မျက် ခြင်း များ နှင့် ပြစ် မှား တော် လှန် ကြ သည့် အ တွက်၊
အခန်းကိုကြည့်ပါ။
သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန်လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှာ၊ ဆုံးမသော ကိုယ်တော်၏ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။
အခန်းကိုကြည့်ပါ။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
အခန်းကိုကြည့်ပါ။