သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
နေဟမိ 6:3 - Common Language Bible ငါသည်သူတို့ထံသို့လူစေလွှတ်၍``ငါသည် ဤအရပ်တွင်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်လျက်နေရသဖြင့် ထိုအရပ်သို့ မလာနိုင်။ သင်တို့နှင့်လာရောက်တွေ့ဆုံရန် ကိစ္စတစ်ခုတည်းအတွက်ဤအလုပ်ကိုရပ် ဆိုင်း၍မထားနိုင်ပါ'' ဟုပြန်ကြားပေး လိုက်၏။ Garrad Bible ငါ က၊ ကြီး သော အ မှု ကို အ ကျွန်ုပ် ဆောင် ရွက် ရ သည့် အ တွက်၊ မ ဆင်း မ လာ နိုင်။ သင် တို့ ရှိ ရာ သို့ ဆင်း လာ ရန်၊ အ သို့ ကြောင့် ထို အမှု ကို လက် လွှတ်၍ ရပ် ဆိုင်း ရ အံ့ နည်း ဟု ခြေ လျင် စေ လွှတ် ပြန် ကြား လျက်၊ Judson Bible ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါကလည်း သူတို့ထံ တမန်ကိုလွှတ်၍ “ငါသည် အရေးကြီးသောလုပ်ငန်းကို ဆောင်ရွက်နေရသည်ဖြစ်၍ သင်တို့ထံ မလာနိုင်။ သင်တို့ထံလာခြင်းဖြင့် အဘယ်ကြောင့် ကိုယ့်အလုပ်ကို ရပ်ထားရမည်နည်း”ဟု အကြောင်းပြန်လိုက်၏။ |
သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
`ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။-
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-