ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
နေဟမိ 6:19 - Common Language Bible လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။ Garrad Bible ထို သူ တို့ သည်၊ တော ဘိ ယ ကောင်း ကြောင်း ကို ငါ့ ထံ ပြော ဆို ခြင်း၊ ငါ့ စ ကား ကို လည်း တော ဘိ ယ ထံ ပြန် ကြား ခြင်း များ ကို ပြု ကြ သည့် ပြင်၊ တော ဘိ ယ သည်၊ ငါ့ ကို ကြောက် ရွံ့ စေ ရန် စာ ပေး လိုက် ၏။ Judson Bible သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှာ စာပေးလိုက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။ |
ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။-
မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။-