အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
နေဟမိ 4:15 - Common Language Bible ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။ Garrad Bible ရန် သူ့ အ ကြံ ကို ငါ တို့ သိ နှင့် သည့် ပြင်၊ ဘု ရား သ ခင် လည်း ဖျက် ဆီး တော် မူ သည် ဟု၊ ချင်း တို့ ရိပ် မိ သော အ ခါ၊ ငါ တို့ ရှိ သ မျှ သည်၊ ဆိုင် ရာ လုပ် ရင်း မြို့ ရိုး ကို ပြန် လုပ် ခွင့် ရ ကြ ၏။ Judson Bible ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိသောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အကြံကို ငါတို့သိသွားခြင်းဖြင့် သူတို့၏အကြံကို ဘုရားသခင်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်သူတို့ကြားသိကြ၏။ ငါတို့အားလုံးလည်း မြို့ရိုးသို့ပြန်လာ၍ အသီးသီးကိုယ့်အလုပ်ကိုယ်လုပ်ကြ၏။ |
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
ဥပမာဆိုသော်နိုင်ငံရပ်ခြားသို့သွားသူလူ တစ်ယောက်သည် မိမိ၏အိမ်ကိုငယ်သားများ လက်တွင်အပ်ထားခဲ့၏။ သူတို့အားကိုယ်စီ ကိုယ်ငှလုပ်ဆောင်ရန်တာဝန်ဝတ္တရားများ ကိုပေးအပ်ခဲ့၏။ တံခါးမှူးအားသတိနှင့် စောင့်နေရန်မှာထားခဲ့၏။-
မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။-
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-