နေဟမိ 3:8 - Common Language Bible နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။ Garrad Bible ၎င်း အ စပ်၊ ပန်း တိမ် သ မား ဟာ ဟာ ယ သား ဩ ဇေ လ။ ၎င်း အ စပ်၊ အ မွှေး ပ ညာ သည် ဟာ န နိ တို့ သည်၊ မြို့ ရိုး ကျယ် အ ထိ ပြင် ဆင် ကြ ၏။ Judson Bible သူတို့နောက်မှ ဟာဟာယသား ပန်းထိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘေးတွင် ဟာဟာယ၏သား ပန်းထိမ်ဆရာဩဇေလ ပြုပြင်၏။ သူ၏ဘေးတွင် အမွှေးနံ့သာဖော်ဆရာဟာနနိယ ပြုပြင်၏။ သူတို့သည် ဂျေရုဆလင်မြို့ရိုးကို မြို့ရိုးကျယ်အထိ ပြုပြင်ကြ၏။ |
ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။