တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။
နေဟမိ 3:28 - Common Language Bible နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။ Garrad Bible ပ ရော ဟိတ် တို့ သည် မြင်း တံ ခါး အ ထက်၊ ကိုယ့် အိမ် မျက် နှာ စာ တွင်၊ အ သီး အ သီး ပြင် ဆင် ကြ၏။ Judson Bible မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တစ်ဖက်တစ်ချက်၌ အသီးအသီးပြင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မြင်းတံခါးအထက်ဘက်တွင်မူ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အိမ်ရှေ့တွင် အသီးသီး ပြုပြင်ကြ၏။ |
တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။
သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။
ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊ အာနနိ၏မြေးမာသေယ၏သားအာဇရိ က မိမိအိမ်ရှေ့၌နောက်တစ်ပိုင်းကိုတည် ဆောက်လေသည်။
ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။