ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
နေဟမိ 13:8 - Common Language Bible လွန်စွာအမျက်ထွက်ပြီးလျှင်တောဘိ၏ ပစ္စည်းဥစ္စာရှိသမျှကိုပစ်ထုတ်လိုက်၏။- Garrad Bible အ လွန် စိတ် နာ လျက်၊ တော ဘိ ယ၏ ပ ရိ ဘော ဂ ရှိ သ မျှ ကို ထုတ် ပစ် ပြီး မှ၊ Judson Bible ထိုအခါ ငါသည် အလွန်နာကြင်သောစိတ် ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် အလွန်စိတ်ဆိုး၍ တောဘိ၏အိမ်သုံးပစ္စည်းအားလုံးကို အခန်းအပြင်သို့လွှင့်ပစ်ပြီး |
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
အခန်းများကိုဘာသာရေးထုံးနည်းအရ သန့်စင်မှုကိုပြုစေ၍ဗိမာန်တော်အသုံး အဆောင်များ၊ ဘောဇဉ်ပူဇော်သကာများ နှင့်နံ့သာပေါင်းတို့ကိုပြန်သွင်းရန်အမိန့် ပေး၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။