ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။
လူ မျိုး ခြား တို့ နှင့် ခွဲ ခြား လျက် နေ ကြ သ တည်း။
ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သောသူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
ယုဒအမျိုးသားတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ပြုကြသည်ဖြစ်၍ ဘုရားသခင်၏သီးသန့်လူမျိုးတော်သည် ညစ်ညမ်းလေပြီ။ ဤအပြစ်ကိုကူးလွန်ရာ တွင်ခေါင်းဆောင်များနှင့်အရာရှိများသည် အဆိုးဆုံးဖြစ်ပါသည်'' ဟုပြောကြားကြ၏။-
ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။
ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။
လူငယ်လူရွယ်သည်အဘယ်သို့အားဖြင့် ဖြောင့်မတ်စွာကင့်ကြံပြုမူနိုင်ပါသနည်း။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ်စွာ ကင့်ကြံပြုမူနိုင်ပါ၏။
သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။-
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။