(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
နေဟမိ 13:26 - Common Language Bible ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။- Garrad Bible ဣ သ ရ လ ဘု ရင် ရှော လ မုန် မင်း သည် ထို သို့ ပြု သော ကြောင့်၊ ပြစ် မှား ရာ ရောက် သည် မ ဟုတ် လော။ ဘု ရား သ ခင် မြတ် နိုး တော် မူ သ ဖြင့်၊ အ တိုင်း တိုင်း အ ပြည် ပြည်၌ ဘု ရင် တူ မ ရှိ ရ အောင်။ ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် မင်း မြှောက် တော် မူ သော ထို မင်း ကို ပင်၊ မျိုး ခြား မိန်း မ တို့ ပြစ် မှား စေ ခဲ့ ပြီ တ ကား။ Judson Bible ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ပြု၍ ပြစ်မှားရာရောက်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင် မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူ ဖြစ်သော်လည်း၊ တစ်ပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည်တကား။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။ |
(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။