ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
နေဟမိ 13:24 - Common Language Bible သူတို့၏သားသမီးတစ်ဝက်မျှသည်ငါတို့ ဘာသာစကားကိုမပြောတတ်။ အာဇုတ်သို့ မဟုတ်အခြားဘာသာစကားတစ်မျိုး မျိုးကိုသာပြောတတ်ကြ၏။- Judson Bible သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတစ်ဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏သားသမီးတစ်ဝက်သည် အာဇုတ်ဘာသာစကားကိုပြော၏။ သူတို့သည် ယုဒဘာသာစကားကိုကား မပြောတတ်ကြပေ။ အခြားသောလူမျိုးတစ်မျိုးမျိုး၏ဘာသာစကားကိုသာ ပြောတတ်ကြ၏။ |
ထိုကာလ၌ယုဒအမျိုးသားအမြောက် အမြားပင်အာဇုတ်၊ အမ္မုန်နှင့်မောဘ အမျိုးသမီးများနှင့်ထိမ်းမြားစုံဖက် ထားကြကြောင်းကိုလည်းငါတွေ့ရှိရ လေသည်။-
သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။-