ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။-
ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ၏။
အကြောင်းမူကား ရှေးယခင် ဒါဝိဒ်မင်းကြီးနှင့်အာသပ်လက်ထက်ကပင် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းသီဆိုသော သီချင်းသည်များကို ဦးဆောင်ပေးသောသူများရှိခဲ့၏။
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။
ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများ ဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။