ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
နေဟမိ 12:37 - Common Language Bible စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။ Garrad Bible စမ်း တွင်း တံ ခါး အ နီး၊ မြို့ ရိုး မြင့် စ တွင်၊ စောင်း တန်း ဖြင့် ဒါ ဝိဒ် မြို့ တော် သို့ တည့် တည့် တက်၍၊ ၎င်း နန်း တော် အ ထက်၊ ဗိ မာန် တော် အ ရှေ့ မျက် နှာ၊ ရေ တံ ခါး တိုင် လျှောက် သွား ကြ သ တည်း။ Judson Bible သူတို့ တစ်ဖက်တစ်ချက်၌ရှိသော စမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော် အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စမ်းရေတွင်းတံခါးဝသို့ရောက်သောအခါ ဒါဝိဒ်မြို့အတက်လမ်းအတိုင်း မြို့ရိုးရှိရာသို့တက်သွားပြီး ဒါဝိဒ်နန်းတော်အထက်ရေတံခါးမှ အရှေ့ဘက်သို့ သွားကြ၏။ |
ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။-
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။